fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားသမီးလိုချင် တိုင်ပင်

86
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2017
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

အိမ္ေထာင္ျပဳသားေမြးျခင္းသည္ အ႐ြယ္ေရာက္လာသည္ႏွင့္ မိမိတို႔၏ မ်ိဳးဆက္သစ္မ်ားအတြက္ လူတိုင္းနီးပါး ျပဳလုပ္ေလ့ရွိေသာ ကိစၥတစ္ခုပင္ ျဖစ္ပါသည္။ သားသမီးယူျခင္းသည္လည္း အ႐ြယ္အတိုင္းအတာ တစ္ခုအတြင္း ျပဳလုပ္ၾကရသျဖင့္ အ႐ြယ္မလြန္မွီပင္ အိမ္ေထာင္ျပဳသားေမြးျခင္း အမႈကိုျပဳၾကရပါသည္။ ထိုသို႔ အသက္အ႐ြယ္ တစ္ခုအတြင္း အိမ္ေထာင္ျပဳသားေမြးျခင္း အလုပ္ကို ျပဳလုပ္ၾကပါေသာ္လည္း အခ်ိဳ႕ေသာ မိခင္ေလာင္းမ်ားတြင္ လည္းေကာင္း၊ ဖခင္ေလာင္းမ်ားတြင္ လည္းေကာင္း သားသမီးရယူရန္အတြက္ ခ်ိဳ႕ယြင္းခ်က္မ်ား၊ အားနည္းခ်က္မ်ား ရွိတတ္သျဖင့္ သက္ဆိုင္ရာ က်န္းမာေရးပညာရွင္မ်ားျဖင့္ ျပသတိုင္ပင္၍ သားသမီးရရွိႏိုင္ေအာင္ စြမ္းေဆာင္ရျခင္းမ်ိဳးလည္း ရွိပါသည္။ အခ်ိဳ႕သည္လည္း မည္သို႔ေသာ နည္းလမ္းမ်ားျဖင့္ သားသမီးရႏိုင္ေျခ ရွိသည္ကို ကုသမႈအဆင့္ဆင့္ ခံယူၾကရကာ သားသမီးရေအာင္ စြမ္းေဆာင္ၾကရသည္မ်ားလည္း ရွိပါသည္။ သားသမီးရရန္ လြယ္ကူေသာ မိခင္ေလာင္း၊ ဖခင္ေလာင္းမ်ား အတြက္မူ သားသမီးရယူျခင္း ကိစၥသည္ အခက္အခဲမ်ားစြာ မရွိေသာ္လည္း သားသမီးရယူရန္ ခဲယဥ္းၾကသည့္ မိခင္ေလာင္း၊ ဖခင္ေလာင္းမ်ား အတြက္မူ ေငြကုန္ျခင္း၊ အခ်ိန္ကုန္ျခင္း ႏွင့္ စိတ္ပူပန္ေသာကေရာက္ျခင္း မ်ားစြာကို ရင္ဆိုင္ၾကရပါေတာ့သည္။ သို႔အတြက္ေၾကာင့္ နားလည္တတ္ကြၽမ္းသည့္ ေဆးပညာရွင္မ်ားျဖင့္ တိုင္ပင္ေဆြးေႏြးကာ သားသမီးရရွိေရး ႀကိဳးပမ္းရပါေတာ့သည္။ ထိုသို႔ သားသမီးလိုခ်င္ေသာ္လည္း ရႏိုင္ေျခ အားနည္းသည့္ ဇနီးေမာင္ႏွံမ်ားအတြက္မူ သားသမီးရလာလွ်င္ ရတနာတစ္ပါး ရရွိသည့္သဖြယ္ လြန္စြာပင္ ဝမ္းေျမာက္ပီတိ ျဖစ္ၾကရပါသည္။ ဤျဖစ္ရပ္မ်ားသည္ သာမန္လူမ်ား၏ လူမႈပတ္ဝန္းက်င္တြင္ အၿမဲျမင္ေတြ႕ေနရေသာ ကိစၥတစ္ရပ္ပင္ ျဖစ္ပါသည္။

ထိုနည္းတူစြာပင္ HIV ေလာကတြင္လည္း အခ်ိဳ႕ခင္ပြန္းတြင္လည္းေကာင္း၊ အခ်ိဳ႕ဇနီးတြင္လည္းေကာင္း၊ အခ်ိဳ႕တြင္ ဇနီးခင္ပြန္းႏွစ္ဦးစလုံးတြင္လည္းေကာင္း HIV ကူးစက္ခံထားရေသာ္လည္း အသက္အ႐ြယ္ငယ္ေသးၿပီး သားသမီးမရွိၾကေသးသျဖင့္ မိမိတို႔၏ မ်ိဳးဆက္သစ္မ်ားကို ရယူလိုေသာ ဆႏၵမ်ားလည္း ရွိေနၾကပါသည္။ သားသမီးရယူႏိုင္ေသာ အသက္အ႐ြယ္ ရွိေနပါေသာ္လည္း HIV ရွိေနသည့္အတြက္ သားသမီးယူရန္ လမ္းဆုံးေနၿပီး အခြင့္အလမ္းမ်ား ပိတ္ေနၾကပါသည္။ အေၾကာင္းရင္းမွာလည္း မိမိတို႔၏ ရင္ေသြးမ်ားထံသို႔ HIV ပိုး ထပ္မံမကူးစက္ေစရန္ ကာကြယ္တားဆီးရမည္ ျဖစ္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ထိုသို႔ သားသမီးထံသို႔ HIVပိုး မကူးစက္ေစရန္ တားဆီးႏိုင္ခဲ့ပါေသာ္လည္း မိမိတို႔၏ က်န္းမာေရးအေျခအေနႏွင့္ လူ႔သက္တမ္းမ်ား၊ စီးပြားေရး ေနာက္ခံအေနအထားမ်ား၊ ေမြးဖြားလာသည့္ သားသမီးကို လူလားေျမာက္သည္အထိ ျပဳစုပ်ိဳးေထာင္ေရးလုပ္ငန္းမ်ား စသည့္ အေျခခံအေၾကာင္းအရင္းမ်ားကိုပါ ထည့္ၿပီး ခ်ိန္ဆတြက္ခ်က္ရပါေတာ့သည္။ HIV ရွိေနသူမ်ားအတြက္ အမ်ိဳးသားမဟာဗ်ဴဟာ စီမံကိန္းတြင္မူ HIV ရွိေနသူမ်ား သားသမီးမယူရဟု မပါဝင္ေသာ္လည္း ရွိသူမ်ား သားသမီးလိုခ်င္၍ ဆရာဝန္ႏွင့္ ျပသတိုင္ပင္ေသာအခါ သားသမီးမယူသင့္ဟုုသာ တစ္ဖက္ပိတ္ ျငင္းပယ္ျခင္း ခံရသျဖင့္ စိတ္ဓာတ္က်ဆင္းရၿပီး ေမွ်ာ္လင့္ခ်က္ကုန္ဆုံးရေသာ ဘဝမ်ား ေရာက္ကုန္ၾကရပါေတာ့သည္။

HIV ရွိေနေသာ္လည္း အ႐ြယ္တစ္ခုအတြင္း ေရာက္ရွိေနသည့္ မိခင္ဖခင္ေကာင္းတို႔သည္လည္း အမ်ားနည္းတူ မိမိတို႔၏ မ်ိဳးဆက္သစ္မ်ား လိုခ်င္ေနၾကသည္မွာ ဓမၼတာတစ္ခုပင္ ျဖစ္ပါသည္။ သားသမီးသို႔ HIV မကူးစက္ေရးအတြက္ နည္းလမ္းေကာင္းမ်ား ေပၚေပါက္လာၿပီးေနာက္ပိုင္း မိခင္မွ သေႏၶသားသို႔ HIV ကူူးစက္ျခင္းမ်ား ေလွ်ာ့ခ်လာႏိုင္ၿပီလည္း ျဖစ္ပါသည္။ ထို႔အျပင္ ထိုင္းႏိုင္ငံတြင္ မိခင္မွ သေႏၶသားသို႔ HIV ကူးစက္ခံရျခင္း လုံးဝမရွိေတာ့သည့္ သတင္းအခ်က္မ်ား ထြက္ေပၚလာၿပီး ေနာက္ပိုင္းတြင္ HIV ရွိေနသည့္ မိခင္ဖခင္ တို႔မွာ သားသမီးလိုခ်င္မႈ ဆႏၵမ်ားလည္း ပိုမို ျဖစ္ေပၚလာခဲ့ပါေတာ့သည္။ ျမန္မာႏိုင္ငံတြင္လည္း PMCT စနစ္ကို စတင္က်င့္သုံးခဲ့သည္မွာ ဆယ္စုႏွစ္ေက်ာ္လာၿပီ ျဖစ္ၿပီး စတင္က်င့္သုံးစဥ္က ကိုယ္ဝန္ရွိမွ HIV ရွိသည္ကို သိရသျဖင့္ ေဆးကုသမႈခံယူကာ PMCT  နည္းလမ္းျဖင့္ ေမြးဖြားလာၾကျခင္း ျဖစ္ပါသည္။ ေနာက္ပိုင္း ကုသမႈစနစ္မ်ားကို ပိုမိုေကာင္းမြန္ေသာ နည္းစနစ္မ်ားကို ေျပာင္းလဲသုံးစြဲျခင္း၊ စနစ္က်သည့္ ကုထုံးမ်ားႏွင့္ ေဆးဝါးမ်ားကို သုံးစြဲမႈမ်ားေသာေၾကာင့္ ေမြးဖြားလာသည့္ ကေလးမ်ားအားလုံးနီးပါး HIV ကင္းစင္ခဲ့ရပါသည္။ သို႔ေသာ္ သားေၾကာျဖတ္ျခင္း ကိစၥတြင္မူ ခြင့္မျပဳထားေသာ္လည္း အခ်ိဳ႕လည္း သားေၾကာျဖတ္ခံရဆဲပင္ ရွိေနပါသည္။ ကိုယ္ဝန္ရွိမွ HIV ရွိသည္ဟု သိရသည့္ မိခင္ေလာင္းမ်ားကို PMCT နည္းလမ္းျဖင့္ ေမြးဖြားမႈ ေအာင္ျမင္သည္ကို သိရွိလာၾကၿပီးေနာက္ပိုင္း ယခင္ကတည္းက HIV ရွိေနၿပီျဖစ္သည့္ မိခင္ေလာင္းမ်ားသည္လည္း သားသမီးေမြးဖြားလာမႈမ်ား ျပဳလုုပ္ၾကပါေတာ့သည္။

အထက္၌ ေဖာ္ျပခဲ့သလို အခ်ိဳ႕မိခင္ေလာင္းမ်ားသည္ မိမိတြင္ HIV ရွိေသာ္လည္း ခင္ပြန္းသည္တြင္ HIV မရွိသည့္အတြက္ သားသမီးယူမည့္ကိစၥတြင္ သားသမီးကို HIV မကူးရန္ႏွင့္ ခင္ပြန္းထံ HIV မကူးရန္ သတိထားရမည္ျဖစ္သည္။ အခ်ိဳ႕ေသာ ဇနီးေမာင္ႏွံတို႔တြင္ ခင္ပြန္းတြင္ HIV ရွိၿပီး ဇနီးတြင္ HIV မရွိသည့္အတြက္ ဇနီးႏွင့္ သားသမီးသို႔ HIV မကူးရန္ သတိထားရမည္ ျဖစ္သည္။ အခ်ိဳ႕ေသာ ဇနီးေမာင္ႏွံတို႔တြင္ ခင္ပြန္းေရာ ဇနီးပါ HIV ရွိေနသည့္အတြက္ သားသမီးကို HIV မကူးစက္ေစေရး သတိထားရမည္ ျဖစ္ပါသည္။ ဤုသို႔ျဖင့္ HIV ႏွင့္ ပတ္သက္ဆက္ႏြယ္ၿပီး သားသမီးယူေရး ကိစၥတြင္ အမ်ိဳးအစားသုံးမ်ိဳး ကြဲ၍ ထြက္လာပါသည္။ ထို အမ်ိဳးအစားသုံးမ်ိဳးထဲတြင္ ခင္ပြန္းတြင္ HIV ရွိၿပီး ဇနီးတြင္ HIV မရွိပါက PMCT  နည္းလမ္းကို အျပည့္အဝ သုံးစြဲရမည္ မဟုတ္ေသာ္လည္း ထိုသုံးမ်ိဳးစလုံးတြင္ တူညီေနသည့္အခ်က္မွာ မိခင္ကို လိုက္ခြဲ၍ ေမြးဖြားျခင္းပင္ ျဖစ္ပါသည္။ HIV ႏွင့္ ပတ္သက္ဆက္ႏြယ္ၿပီး သားသမီးသို႔ HIV  မကူးစက္ေစေရးအတြက္ ေမြးဖြားမႈစနစ္တြင္ ဗိုက္ခြဲေမြးဖြားျခင္းသည္ ကူးစက္မႈကို ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ျခင္းပင္ ျဖစ္ပါသည္။ ထို႔အတြက္ေၾကာင့္ HIV ရွိေနသည့္ ဇနီးေမာင္ႏွံမ်ား သားသမီးယူေရး ကိစၥမ်ားကို ဆရာဝန္မ်ားႏွင့္ ေဆြးေႏြးသည့္အခါ ခက္ခဲရႈပ္ေထြးတတ္သည့္အတြက္ ျငင္းပယ္ျခင္းခံရေလ့ ရွိပါသည္။ သို႔ေသာ္ အားမေလွ်ာ့ဘဲ မိမိတို႔အတြက္ ေရာဂါကင္းစင္သည့္ သားသမီးရရွိေရးအတြက္ ကြၽမ္းက်င္သူမ်ား၊ စနစ္ေကာင္းမ်ား၊ လမ္းၫႊန္ေပးႏိုင္သည့္သူမ်ားႏွင့္ တိုင္ပင္သင့္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါေတာ့သည္။

Author: လႈိင္ (PEER)

(Unicode)

အိမ်ထောင်ပြုသားမွေးခြင်းသည် အရွယ်ရောက်လာသည်နှင့် မိမိတို့၏ မျိုးဆက်သစ်များအတွက် လူတိုင်းနီးပါး ပြုလုပ်လေ့ရှိသော ကိစ္စတစ်ခုပင် ဖြစ်ပါသည်။ သားသမီးယူခြင်းသည်လည်း အရွယ်အတိုင်းအတာ တစ်ခုအတွင်း ပြုလုပ်ကြရသဖြင့် အရွယ်မလွန်မှီပင် အိမ်ထောင်ပြုသားမွေးခြင်း အမှုကိုပြုကြရပါသည်။ ထိုသို့ အသက်အရွယ် တစ်ခုအတွင်း အိမ်ထောင်ပြုသားမွေးခြင်း အလုပ်ကို ပြုလုပ်ကြပါသော်လည်း အချို့သော မိခင်လောင်းများတွင် လည်းကောင်း၊ ဖခင်လောင်းများတွင် လည်းကောင်း သားသမီးရယူရန်အတွက် ချို့ယွင်းချက်များ၊ အားနည်းချက်များ ရှိတတ်သဖြင့် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များဖြင့် ပြသတိုင်ပင်၍ သားသမီးရရှိနိုင်အောင် စွမ်းဆောင်ရခြင်းမျိုးလည်း ရှိပါသည်။ အချို့သည်လည်း မည်သို့သော နည်းလမ်းများဖြင့် သားသမီးရနိုင်ခြေ ရှိသည်ကို ကုသမှုအဆင့်ဆင့် ခံယူကြရကာ သားသမီးရအောင် စွမ်းဆောင်ကြရသည်များလည်း ရှိပါသည်။ သားသမီးရရန် လွယ်ကူသော မိခင်လောင်း၊ ဖခင်လောင်းများ အတွက်မူ သားသမီးရယူခြင်း ကိစ္စသည် အခက်အခဲများစွာ မရှိသော်လည်း သားသမီးရယူရန် ခဲယဉ်းကြသည့် မိခင်လောင်း၊ ဖခင်လောင်းများ အတွက်မူ ငွေကုန်ခြင်း၊ အချိန်ကုန်ခြင်း နှင့် စိတ်ပူပန်သောကရောက်ခြင်း များစွာကို ရင်ဆိုင်ကြရပါတော့သည်။ သို့အတွက်ကြောင့် နားလည်တတ်ကျွမ်းသည့် ဆေးပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးကာ သားသမီးရရှိရေး ကြိုးပမ်းရပါတော့သည်။ ထိုသို့ သားသမီးလိုချင်သော်လည်း ရနိုင်ခြေ အားနည်းသည့် ဇနီးမောင်နှံများအတွက်မူ သားသမီးရလာလျှင် ရတနာတစ်ပါး ရရှိသည့်သဖွယ် လွန်စွာပင် ဝမ်းမြောက်ပီတိ ဖြစ်ကြရပါသည်။ ဤဖြစ်ရပ်များသည် သာမန်လူများ၏ လူမှုပတ်ဝန်းကျင်တွင် အမြဲမြင်တွေ့နေရသော ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။

ထိုနည်းတူစွာပင် HIV လောကတွင်လည်း အချို့ခင်ပွန်းတွင်လည်းကောင်း၊ အချို့ဇနီးတွင်လည်းကောင်း၊ အချို့တွင် ဇနီးခင်ပွန်းနှစ်ဦးစလုံးတွင်လည်းကောင်း HIV ကူးစက်ခံထားရသော်လည်း အသက်အရွယ်ငယ်သေးပြီး သားသမီးမရှိကြသေးသဖြင့် မိမိတို့၏ မျိုးဆက်သစ်များကို ရယူလိုသော ဆန္ဒများလည်း ရှိနေကြပါသည်။ သားသမီးရယူနိုင်သော အသက်အရွယ် ရှိနေပါသော်လည်း HIV ရှိနေသည့်အတွက် သားသမီးယူရန် လမ်းဆုံးနေပြီး အခွင့်အလမ်းများ ပိတ်နေကြပါသည်။ အကြောင်းရင်းမှာလည်း မိမိတို့၏ ရင်သွေးများထံသို့ HIV ပိုး ထပ်မံမကူးစက်စေရန် ကာကွယ်တားဆီးရမည် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ထိုသို့ သားသမီးထံသို့ HIVပိုး မကူးစက်စေရန် တားဆီးနိုင်ခဲ့ပါသော်လည်း မိမိတို့၏ ကျန်းမာရေးအခြေအနေနှင့် လူ့သက်တမ်းများ၊ စီးပွားရေး နောက်ခံအနေအထားများ၊ မွေးဖွားလာသည့် သားသမီးကို လူလားမြောက်သည်အထိ ပြုစုပျိုးထောင်ရေးလုပ်ငန်းများ စသည့် အခြေခံအကြောင်းအရင်းများကိုပါ ထည့်ပြီး ချိန်ဆတွက်ချက်ရပါတော့သည်။ HIV ရှိနေသူများအတွက် အမျိုးသားမဟာဗျူဟာ စီမံကိန်းတွင်မူ HIV ရှိနေသူများ သားသမီးမယူရဟု မပါဝင်သော်လည်း ရှိသူများ သားသမီးလိုချင်၍ ဆရာဝန်နှင့် ပြသတိုင်ပင်သောအခါ သားသမီးမယူသင့်ဟုုသာ တစ်ဖက်ပိတ် ငြင်းပယ်ခြင်း ခံရသဖြင့် စိတ်ဓာတ်ကျဆင်းရပြီး မျှော်လင့်ချက်ကုန်ဆုံးရသော ဘဝများ ရောက်ကုန်ကြရပါတော့သည်။

HIV ရှိနေသော်လည်း အရွယ်တစ်ခုအတွင်း ရောက်ရှိနေသည့် မိခင်ဖခင်ကောင်းတို့သည်လည်း အများနည်းတူ မိမိတို့၏ မျိုးဆက်သစ်များ လိုချင်နေကြသည်မှာ ဓမ္မတာတစ်ခုပင် ဖြစ်ပါသည်။ သားသမီးသို့ HIV မကူးစက်ရေးအတွက် နည်းလမ်းကောင်းများ ပေါ်ပေါက်လာပြီးနောက်ပိုင်း မိခင်မှ သန္ဓေသားသို့ HIV ကူူးစက်ခြင်းများ လျှော့ချလာနိုင်ပြီလည်း ဖြစ်ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် မိခင်မှ သန္ဓေသားသို့ HIV ကူးစက်ခံရခြင်း လုံးဝမရှိတော့သည့် သတင်းအချက်များ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် HIV ရှိနေသည့် မိခင်ဖခင် တို့မှာ သားသမီးလိုချင်မှု ဆန္ဒများလည်း ပိုမို ဖြစ်ပေါ်လာခဲ့ပါတော့သည်။ မြန်မာနိုင်ငံတွင်လည်း PMCT စနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ်ကျော်လာပြီ ဖြစ်ပြီး စတင်ကျင့်သုံးစဉ်က ကိုယ်ဝန်ရှိမှ HIV ရှိသည်ကို သိရသဖြင့် ဆေးကုသမှုခံယူကာ PMCT  နည်းလမ်းဖြင့် မွေးဖွားလာကြခြင်း ဖြစ်ပါသည်။ နောက်ပိုင်း ကုသမှုစနစ်များကို ပိုမိုကောင်းမွန်သော နည်းစနစ်များကို ပြောင်းလဲသုံးစွဲခြင်း၊ စနစ်ကျသည့် ကုထုံးများနှင့် ဆေးဝါးများကို သုံးစွဲမှုများသောကြောင့် မွေးဖွားလာသည့် ကလေးများအားလုံးနီးပါး HIV ကင်းစင်ခဲ့ရပါသည်။ သို့သော် သားကြောဖြတ်ခြင်း ကိစ္စတွင်မူ ခွင့်မပြုထားသော်လည်း အချို့လည်း သားကြောဖြတ်ခံရဆဲပင် ရှိနေပါသည်။ ကိုယ်ဝန်ရှိမှ HIV ရှိသည်ဟု သိရသည့် မိခင်လောင်းများကို PMCT နည်းလမ်းဖြင့် မွေးဖွားမှု အောင်မြင်သည်ကို သိရှိလာကြပြီးနောက်ပိုင်း ယခင်ကတည်းက HIV ရှိနေပြီဖြစ်သည့် မိခင်လောင်းများသည်လည်း သားသမီးမွေးဖွားလာမှုများ ပြုလုုပ်ကြပါတော့သည်။

အထက်၌ ဖော်ပြခဲ့သလို အချို့မိခင်လောင်းများသည် မိမိတွင် HIV ရှိသော်လည်း ခင်ပွန်းသည်တွင် HIV မရှိသည့်အတွက် သားသမီးယူမည့်ကိစ္စတွင် သားသမီးကို HIV မကူးရန်နှင့် ခင်ပွန်းထံ HIV မကူးရန် သတိထားရမည်ဖြစ်သည်။ အချို့သော ဇနီးမောင်နှံတို့တွင် ခင်ပွန်းတွင် HIV ရှိပြီး ဇနီးတွင် HIV မရှိသည့်အတွက် ဇနီးနှင့် သားသမီးသို့ HIV မကူးရန် သတိထားရမည် ဖြစ်သည်။ အချို့သော ဇနီးမောင်နှံတို့တွင် ခင်ပွန်းရော ဇနီးပါ HIV ရှိနေသည့်အတွက် သားသမီးကို HIV မကူးစက်စေရေး သတိထားရမည် ဖြစ်ပါသည်။ ဤုသို့ဖြင့် HIV နှင့် ပတ်သက်ဆက်နွယ်ပြီး သားသမီးယူရေး ကိစ္စတွင် အမျိုးအစားသုံးမျိုး ကွဲ၍ ထွက်လာပါသည်။ ထို အမျိုးအစားသုံးမျိုးထဲတွင် ခင်ပွန်းတွင် HIV ရှိပြီး ဇနီးတွင် HIV မရှိပါက PMCT  နည်းလမ်းကို အပြည့်အဝ သုံးစွဲရမည် မဟုတ်သော်လည်း ထိုသုံးမျိုးစလုံးတွင် တူညီနေသည့်အချက်မှာ မိခင်ကို လိုက်ခွဲ၍ မွေးဖွားခြင်းပင် ဖြစ်ပါသည်။ HIV နှင့် ပတ်သက်ဆက်နွယ်ပြီး သားသမီးသို့ HIV  မကူးစက်စေရေးအတွက် မွေးဖွားမှုစနစ်တွင် ဗိုက်ခွဲမွေးဖွားခြင်းသည် ကူးစက်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် HIV ရှိနေသည့် ဇနီးမောင်နှံများ သားသမီးယူရေး ကိစ္စများကို ဆရာဝန်များနှင့် ဆွေးနွေးသည့်အခါ ခက်ခဲရှုပ်ထွေးတတ်သည့်အတွက် ငြင်းပယ်ခြင်းခံရလေ့ ရှိပါသည်။ သို့သော် အားမလျှော့ဘဲ မိမိတို့အတွက် ရောဂါကင်းစင်သည့် သားသမီးရရှိရေးအတွက် ကျွမ်းကျင်သူများ၊ စနစ်ကောင်းများ၊ လမ်းညွှန်ပေးနိုင်သည့်သူများနှင့် တိုင်ပင်သင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။

Author: လှိုင် (PEER)

Previous Post

ဖနောင့် နာခြင်း

Next Post

သွေးလေးဖက်နာဆိုသည်မှာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလေးဖက်နာဆိုသည်မှာ

အာဟာရချို့တဲ့ရောဂါ ငါးမျိုး

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.