fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ပန်းသေ ပန်းညှိုးပြဿနာ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/06/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သည်အပတ် မင်္ဂလာမောင်မယ်စကားဝိုင်းမှာ ပန်းသေ ပန်းညှိုးပြဿနာအကြောင်း
ဆွေးနွေးပေးပါမယ်။

မောင် – ပန်းသေပန်းညှိုးခြင်းဟာ ယောကျ်ားတော်တော်များများ ပူပင်နေကြတယ်ဆရာ။
ဘယ်အရာကို ခေါ်ပါသလဲ။
ဒေါက်တာမင်္ဂလာ – ပန်းသေပန်းညှိုးခြင်း Impotency
ဆိုတာယောကျ်ားတစ်ယောက်အနေနဲ့ လိင်ဆက်ဆံမှုကို အောင်အောင်မြင်မြင်
မဆောင်ရွက်နိူင်ခြင်းကို ခေါ်ပါတယ်။

မယ် – ဘယ်လိုဖြစ်နိူင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – လိင်ဆန္ဒပြည့်ဝဖို့ အာသီသဖြစ်ပေမယ့် လိင်ဆက်ဆံမှုစတင်ဖို့
လိင်တံတောင်တင်းမလာခြင်း၊ လိင်တ့တောင့်တင်းလာပေမယ့် ခဏအတွင်း ပျော့ခွေသွားခြင်း၊
အမျိုးသမီးနဲ့ မဆက်ဆံမီ (သို့) ကျေနပ်မှုမရခင် သုက်ထွက်မြန်ခြင်း၊ လိင်ဆက်ဆံမှုပြီးပါလျက်
သုက်လုံးဝမထွက်ခြင်းဟာ ပန်းသေပန်းညှိုးဖြစ်စေပါတယ်။

မောင် – ပန်းသေပန်းညှိုးခြင်း ဘယ်နမျိုးရှိသလဲဆရာ။
ဒေါက်တာမင်္ဂလာ – နှစ်မျိုးရှိနိူင်ပါတယ်။ ယာယီပန်းသေခြင်း၊ အလုပ်ပင်ပန်းခြင်း၊
အစာအာဟာရပြတ်ခြင်းရောဂါတို့ကြောင့် တစ်ခါတစ်ရံ ပန်းသေခြင်းနှင့် အမြဲပန်းသေခြင်း၊
ဘယ်နည်းနဲ့သုံးသုံး၊ ဘယ်အချိန် ဘယ်သူနဲ့မဆို လိင်မဆက်ဆံနိုင်ခြင်းဆိုပြီး ရှိပါတယ်။

မယ် – ပန်းသေပန်းညှိုးအရင်းခံကရော ဆရာ။
ဒေါက်တာမင်္ဂလာ –  ပန်းသေပန်းညှိုးခြင်း အရင်းခံဟာ စိတ်ကြောင့်ဖြစ်တယ်။
ပန်းသေပန်းညှိုးခြင်းရဲ့ အခြေအမြစ်ဟာ လိင်ကိစ္စစိုးရိမ်ခြင်းကြောင့် ဖြစ်တယ်။ ၈၀
ရာခိုင်နှုန်းလောက်ဟာ အယူအဆလွဲပြီး ရှက်ကြောက်ကြီးလို့ ဖြစ်တာ။

မောင် – စိတ်ကြောင့်ဖြစ်ရတဲ့ ပန်းသေပန်းညှိုးခြင်း ၈၀ ရာခိုင်နှုန်းအကြောင်း
ဆွေးနွေးပေးပါဦး ဆရာ။
ဒေါက်တာမင်္ဂလာ – လိင်ကိစ္စနဲ့ပတ်သက်ပြီး ရှက်ကြောက်မှုလွန်ကဲခြင်း၊ အယူသည်းခြင်း၊
လိင်ကိစ္စကို အပြစ်ကြီးတစ်ခုလို ထင်မြင်နေခြင်း၊ ငယ်စဉ်က
သဘာဝမကျတဲ့သုတ်လွှွတ်များခြင်းကြောင့် ပန်းသေပန်းညှိုးရနိူင်မှာ ထင်မြင်နေခြင်း၊ လိင်အတံက
သူများထက် သေးတယ်ယူဆပြီး လိင်ဆက်ဆံမှုအောင်မြင်နိူင်ပါ့မလား၊ လူစဉ်မမီဖြစ်မှာကို
စိုးရိမ်နေခြင်း၊ ယောကျ်ားဖြစ်လျက် မိန်းမစိတ်ဝင်နေခြင်း၊ လိင်ဆက်ဆံမှုပြုရင် ပဋိသန္ဓေတည်မယ်၊
လူမိမှာကို စိုးရိမ်ကြောက်လန့်ခြင်း ပါဝင်ပါတယ်။

မယ် – အိမ်ထောင်သည်တွေဆိုရင်တော့ အခြားကိစ္စတွေပါလာနိူင်မှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ပန်းသေပန်းညှိုးအရင်းခံဖြစ်ရတဲ့ အိမ်ထောင်ရှင်ယောကျ်ားတွေမှာ
များပြားလှတဲ့နေ့တဓူဝ လုပ်ငန်းတွေကြောင့် စိတ်ပင်ပန်းလူပင်ပန်းကာ စိတ်ညစ်နေခြင်း၊ စီးပွားရေး၊
လူမှုရေးပြဿနာများ ရင်ဆိုင်နေရခြင်း၊ အိမ်ထောင်သည်တစ်ဦးနဲ့တစ်ဦး
လိင်ကိစ္စအပေးအယူမမှျှခြင်း၊ လိင်သဘာဝကို နားမလည်ခြင်း၊ တစ်ဦးနဲ့တစ်ဦးနားလည်မှု
မရခြင်းတို့က အမျိုးသားတွေမလိုအပ်ဘဲ ပန်းသေပန်းညှိုးခြင်း ဖြစ်စေတယ်။

မောင် – ပန်းသေပန်းညှိုးဖြစ်စေတဲ့ ရောဂါတွေအကြောင်း ဆွေးနွေးပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ပန်းသေပန်းညှိုးခြင်းဟာ ဆီးချိုရောဂါ၊ ကာလသားရောဂါကြောင့်
အာရုံကြောတွေ ပျက်စီးခြင်း၊ ဦးနှောက်ရှိ ဟိုက်ပိုဆဲသဲမတ်မှာ ရောဂါရခြင်း၊
အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး အကြောသေနေခြင်း၊
နာတာရှည်ရောဂါများ ဥပမာ အဆုတ်တီဘီရောဂါကြောင့် ခန္ဓာကိုယ်အားအလွန်နည်းသွားခြင်း၊
လွန်စွာ အိုမင်းမစွမ်းဖြစ်ခြင်း၊ အလွန်အမင်း အလုပ်ပင်ပန်းခြင်းတို့ကြောင့် ဖြစ်နိူင်တယ်။

မယ် – မွေးရာပါ ပန်းသေပန်းညှိုး ဖြစ်နိူင်သလား ဆရာ။
ဒေါက်တာမင်္ဂလာ – ဖြစ်နိူင်ပါတယ်။ မွေးကတည်းက လိင်အင်္ဂါချွတ်ယွင်းနေခြင်း၊
လိင်အင်္ဂါမှာ အနာပေါက်ခြင်း၊ လိင်တံကင်ဆာဖြစ်ခြင်း၊ ဆင်ခြေထောက်ရောဂါ၊ ရေမုတ်တို့ကြောင့်
ဒုက္ခရောက်ရပါတယ်။

မောင် – လိင်သဘာဝနဲ့ ပတ်သက်ပြီး မှန်ကန်တိကျစွာ နားလည်ထားဖို့ လိုပါတယ်။
မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အရှက်အကြောက်နည်းသင့်ပါတယ်။
မယ် – သုတေသနပြုထားတာတွေရှိမှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ရှိပါတယ်။ သဘာဝမကျတဲ့ သုက်လွှတ်ခြင်း၊ မိမိလက်နဲ့
အာသာဖြေဖျောက်ခြင်းမှာ အရွယ်ရောက်ပြီး ယောကျ်ားလေးတိုင်းလိုလို တစ်ကြိမ် (သို့)
တစ်ကြိမ်ပြုလုပ်တတ်တဲ့ အလေ့အကျင့်တစ်ခုလို့ဆိုတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း
အလွန်အကျွံမဖြစ်ဖို့ သတိပြုရမယ်လို့ ဆိုထားပါတယ်။

မောင် – အခြားအစွဲတွေလည်း ချွတ်ဖို့လိုမှာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – လိုပါတယ်။ မိမိရဲ့ လိင်အင်္ဂါဟာ လူစဉ်မမီဖြစ်နေတယ်။
သူတစ်ပါးထက်သေးတယ်လို့ မယူဆဘဲ မြန်မာယောကျ်ားတစ်ဦးရဲ့ရှိသင့်တဲ့ အနေအထားဆိုတာ
သိထားသင့်တယ်။ အိမ်ထောင်သည်တွေ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ယုယစွာနဲ့ နားလည်မှုအပြည့်အဝ
ရှိကြဖို့ လိုအပ်ပါတယ်။ များပြားလှတဲ့ အခြားလုပ်ငန်းဆောင်တာတွေကြောင့် တာဝန်ပိနေခြင်း၊
အလုပ်ပိနေခြင်းကနေ လိင်ကိစ္စစိတ်ဝင်စားမှုရအောင် ကြိုးစားသင့်ပါတယ်။
တစ်ပတ်တစ်ကြိမ်လောက်ဆို နောက်ပိုင်းအဆင်ပြေတယ်။

မယ် – စိတ်နေစိတ်ထားပြောင်းရမယ့် သဘောပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ လိင်သဘာဝကို တိကျမှန်ကန်စွာ နားလည်လာခြင်း၊
တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတလာခြင်းတို့မှ ပန်းသေပန်းညှိုးမပျောက်သေးရင်
အခြားရောဂါရှိမိသားစုဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ်။ ဆီးချိုရောဂါရှိရင် ဆီးချိုစားဆေးအပြင်
ဖိုဟော်မုန်းအားဆေးပါ စားရမယ်။ အခြားရောဂါမရှိဘဲ ပန်းသေပန်းညှိုးမပျောက်သေးရင်
အခြားရောဂါမရှိဘဲ ပန်းသေပန်းညှိုးရင် စိတ်မပါဘဲဖြစ်နေရင် စိတ်ကျန်းမာရေးဆရာဝန်တို့နဲ့
တိုုင်ပင်ပြီး စိတ်ဓာတ်ပြုပြင်ကုသနည်း ခံယူသင့်ပါတယ်။

မောင် – ဈေးကွက်ထဲ ရောက်နေတဲ့ ကျားမအားတိုးဆေးတို့ လိင်အင်္ဂါကြီးအောင်
ထိုးထားတာတို့က ဘယ်လောက် အန္တရာယ်ရှိနိူင်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ကျားဟော်မုန်းဆေး အလွန်အကျွံသုံးပြီး ကာမဆက်ဆံတတ်သူဟာ
ဖယောင်းတံတစ်တိုင်ကို အစနှစ်ဖက် မီးညှိပြီးထားတာနဲ့တူတယ်။ ပန်းသေပန်းညှိုး
မြန်မြန်ဖြစ်စေတယ်ဆိုပါတယ်။ ခုခေတ်မှာ လိင်အတံကြီးလာအောင် ဆီလီကွန်ဂျယ်ထိုးဆေး
ခေတ်စားလာလို့ အရွယ်ရောက်တဲ့ ယောကျ်ားတော်တော်များများ ထိုးထားကြတယ်။ အထိုးမတော်လို့
လိင်ဆန္ဒမပါခြင်း၊ လိမ်ပျော့ခွေသွားခြင်း၊ ကပ္ပါယ်အိတ်ထဲ ရောက်သွားလို့ ဆန္ဒမပြီးခြင်း၊
သုက်ရည်မထွက်ခြင်း၊ အရေပြားပွန်းရှရာမှ လိင်တံတစ်ခုလုံး အနာဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခြင်းတို့
ဖြစ်စေလို့ မထိုးသင့်ပါဘူး။

Author: ဒေါက်တာမင်္ဂလာ

Previous Post

ကူးစက်မှုက ရှိနေဆဲပါ

Next Post

ပဋိသန္ဓေတားဆေးရဲ့ ကောင်းခြင်းငါးဖြာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပဋိသန္ဓေတားဆေးရဲ့ ကောင်းခြင်းငါးဖြာ

က္ကုတ္ထိယတို့အကြောင်း တစ်စေ့တစ်စောင်း (၅)

သားအိမ်ခေါင်းကင်ဆာ ရှိမရှိ စစ်ဆေးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.