ဖျောက်ရခက်သော ကလေးငယ်ရဲ့အကျင့်ဆိုး
ကလေးငယ်အချို့သည် အကျင့်တခုကို စွဲစွဲမြဲမြဲလုပ်တတ်သောညဉ်ရှိတတ်ကြပါတယ်။မိဘများသတိပေးသော်လည်း မရပ်ပဲလုပ်တတ်ကြသော်လည်း အဆိုပါညဉ်ကို ဖျောက်ဖျက်ရန်ခဲယဉ်းပါတယ်။အဆိုပါအကျင့်များသည် စိုးရိမ်စရာမလိုသော်လည်း မိဘများက ကြီးလာသည်အထိအကျင့်ဖြစ်မည်ကိုစိုးရိမ်လွန်တတ်ကြပါတယ်။အများအားဖြင့်ပြုလုပ်တတ်သောအကျင့်များမှာ နှာခေါင်းနိူက်ခြင်း။လက်မစုပ်ခြင်း။ဆံပင်ဆွဲခြင်း။ပစ္စည်းများကိုက်နေတတ်ခြင်းနှင့်နူတ်ခမ်းစုပ်နေခြင်းများဖြစ်ပါတယ်။
ထိုသို့အကျင့်များပြုလုပ်ရခြင်းမှာ အကြောင်းအမျိုးမျိုးရှိပါတယ်။
– လက်မစုပ်ခြင်းဖြင့် ကလေးငယ်သည်သူ့ကိုယ်သုသက်တောင့်သက်သာအနေအထားရှိသည်ဟုယူဆခြင်း
– မကြာခဏ နှာစေးအအေးမိတတ်သောကလေးငယ်သည် မိမိနှာခေါင်းကိုအမြဲနိူက်တတ်ခြင်း
– မိမိရှေ့တွင် လူကြီးများကလက်သည်းကိုက်တတ်သောအကျင့်ရှိလျှင် ကလေးငယ်သည်အတုခိုးရျ် လိုက်လုပ်ခြင်းတို့ပင်ဖြစ်ပါတယ်။
– နှာခေါင်းနိူက်သောအကျင့်ကို အသက်၄နှစ်၅နှစ်အရွယ်ကလေးများပြုလုပ်တတ်ကြပါတယ်။နှာခေါင်းသွေးထွက်ခြင်းနှင့်ပိုးဝင်လွယ်ခြင်းဖြစ်စေနိုင်ပါတယ်။
– ဆံပင်ဆွဲခြင်းအကျင့်သည် အသက်၅နှစ်အရွယ်ကလေးများတွင်ပြုလုပ်လေ့ရှိပါတယ်။အဆိုပါအကျင့်ဖျောက်ရန်ဆံပင်အတိုညှပ်ပေးပါ။သို့သော် တခါတရံကလေးငယ်စိတ်ဓာတ်ကျနိုင်သောကြောင့်သေချာကလေးအထူးကုနဲ့ဆွေးနွေးပါ။
– လက်သည်းကိုက်တတ်သောအကျင့်သည်အသက်၁၀နှစ်ဝန်းကျင်ကလေးများတွင်အများဆုံးပြုလုပ်တတ်ပြီး ယောကျာၤးလေးများကပိုပြုလုပ်တတ်ပါတယ်။အများအားဖြင့် TVဇာတ်လမ်းကြည့်ရင်းပြုလုပ်တတ်ပါတယ်။ပိူးဝင်တတ်ခြင်း။လက်သည်းများမရှိခြင်းနှင့်သွားပဲ့ခြင်းများဖြစ်နိုင်ပါတယ်။
– လက်မစုပ်ခြင်းအသက်၄နှစ်အောက်ကလေးများပြုလုပ်တတ်သောအကျင့်တစ်ခူဖြစ်ပါတယ်။လက်မစုပ်ခြင်းသည် ကလေးငယ်ရဲ့ကျေနပ်မူစိတ်ခံစားချက်ကိုပေးနိူင်သောအကျင့်တစ်ခုဖြစ်ပါတယ်။
– သွားကြိတ်ခြင်းသည်ကလေးငယ်ရဲ့စိတ်အခြေအနေပေါ်မူတည်ရျ်အကျင့်တခုလိုဖြစ်နေပါတယ်။သွားကြိတ်ခြင်းကြောင့်သွားနဲ့ခြင်းနှင့်မေးရိုးနာခြင်းဖြစ်စေပါတယ်။
– တခုခုကိုကိုက်နေတတ်ခြင်းသည် စိတ်အလိုမကျဖြစ်ခြင်းအခြေအနေတွင်ပြုလုပ်တတ်ပါတယ်။မိမိစိတ်ခံစားမူကို မိဘများသတိပြုရန်ပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။
အကျင့်ဆိုးပျောက်စေသောနည်းလမ်းများ
မိဘများသည် အထက်ပါအကျင့်များ ဖျောက်ရန်ဆူပူခြင်းနှင့်အပြစ်ပေးခြင်းများပြုလုပ်ခြင်းသည်မှားယွင်းသောဆုံးမမူတစ်ခုပင်ဖြစ်ပါတယ်။အဆိုပါအကျင့်ဆိုးများကို ကလေးငယ်များကိုယ်တိုင်ဖျောက်မှပင်ပျောက်ပါလိမ့်မယ်။
– လစ်လျှူရူထားခြင်း
အချို့အကျင့်များသည် အသက်ကြီးလာလျှင်အလိုလိုပျောက်တတ်သောကြောင့် လစ်လှူရူထားလိုက်ပါ။
– လေ့ကျင့်ခြင်းနှင့်ဆုပေးခြင်း
လေ့ကျင်းခြင်းနည်းလမ်းများနှင့်ဆုပေးခြင်းနည်းများအသုံးပြုရျ် ကောင်းသောအကျင့်ကောင်းများသင်ကြားပေးပါ။
– နားလည်အောင်ပြောပြခြင်း
ကလေးငယ်များကို မိမိအကျင့်ဆိုးကြောင့်ဖြစ်တတ်သောမကောင်းသောအကြောင်းအရာများကိုသေချာနားဝင်အောင် နားလည်အောင်အမြဲတဖြေးဖြေးပြောပြခြင်း။
– အကျင့်ဆိုးဖြစ်သောအကြောင်းရင်းရှာခြင်း
မိမိကလေးအဘယ်ကြောင့်အကျင့်ဆိုးဖြစ်ရသလဲဟူသောအကြောင်းရင်းရှာရျ် မိဘကိုယ်တိုင်ပြုပြင်ပေးခြင်း။ချစ်ခြင်းနှင့်ဂရုစိုက်မူပေးခြင်းပြုလုပ်ပေးခြင်း။
– စည်းကမ်းချက်များသတ်မှတိပေးခြင်း
ကလေးငယ်များအရွယ်အလိုက်လိုက်နာနိုင်သောစည်းကမ်းချက်များထုတ်ပေးထားပါ။
– ကြင်နာသောစိတ်မွေးမြူပေးခြင်း
ကလေးငယ်ရဲ့စိတ်အခြေအနေနူံးညံ့စေနိုင်ရန် မိဘများအနေဖြင့် ချစ်ခြင်းမေတ္တာနှင့်သည်းခံစိတ်ဖြင့်ကလေးအပေါ်ဆက်ဆံပေးပါ။
အထက်ပါနည်းလမ်းများကို မိဘများအနေဖြင့်မိမိရင်သွေးငယ်များကိုသေချာလေ့ကျင့်မွေးမြူပေးခြင်းဖြင့်အကျင့်ဆိုးများကို ပျောက်ပျက်အောင်ပြုလုပ်ပေးတတ်ပါတယ်။
Dr. Pyae Shin