ကလေးလေးတစ်ယောက်ရဲ့ ပုံမှန်အတိုင်းကြီးထွားဖွံ့ဖြိုးနေလားဆိုတာ သားသားမီးမီးတို့ရဲ့ မိဘများ၊ ဆွေမျိုးများဟာ သားသားမီးမီးတို့ရဲ့အသက်အရွယ်အလိုက် ပြောင်းလဲမှုဖြစ်စဉ်လေးတွေ တနည်းအားဖြင့် ဘဝမိုင်တိုင်လေးတွေကိုသေချာစောင့်ကြည့် နေဖို့လိုပါတယ်။ သူတို့ရဲ့ ဘဝမိုင်တိုင်လေးတွေကို စောင့်ကြည့်တဲ့နေရာမှာ အပိုင်းလေးပိုင်းခွဲပြီး သတ်မှတ်ထားပါတယ်။ အဲ့ဒါတွေကတော့
- Social development ( ပတ်ဝန်းကျင်နှင့် နှီးနွယ်ဆက်ဆံပုံ )
- Language & communication development ( စကားပြောဆိုဆက်ဆံပုံ )
- Cognitive development ( အသိဉာဏ်ပညာ တိုးတက်ဖွံ့ဖြိုးပုံ )
- Physical development ( ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပုံ ) အဲ့ဒီ ၄မျိုး ကို ဘယ်အသက်အရွယ်မှာ ဘယ်လိုပြောင်းလဲမှုဖြစ်နေတယ်ဆိုတာကို သေချာစောင့်ကြည့်ရပါတယ်။ အသက် ၆လမှာ ရှိရမယ့် အပိုင်းလေးပိုင်းလုံးရဲ့ တိုးတက်မှုတွေက အသက် ၁နှစ်အထိ မတွေ့ရသေးဘူးဆိုရင် developmental delay ဖြစ်နေတယ် တနည်းအားဖြင့် ဖွံ့ဖြိုးမှုနှေးကွေးနေတယ်လို့ သံသယဝင်ပြီး သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များနှင့် သေချာပြသပြီးဆွေးနွေးသင့်ပါတယ်။
ကဲအဲ့ဒီတော့ ကလေးလေးတွေရဲ့ အသက်အရွယ်အလိုက်ပြောင်းလဲမှုလေးတွေကို ကြည့်ရအောင်။
Developmental milestones
အသက် |
Social development |
Language development |
Cognitive development |
Physical development |
မွေးစမှ ၂လအထိ | ပြုံးပြတတ်တယ်
ဖေဖေ၊ မေမေတို့ကိုကြည့်တတ်တယ် |
အသံရှိတဲ့နေရာ
လိုက်ကြည့်တတ်တယ် |
အရာဝတ္ထုလေးတွေ
ကိုလိုက်ကြည့်တတ် သူသိတဲ့လူတွေကို သတိပြုမိတတ်တယ်။ |
ခေါင်းထောင်
ခေါင်းတော့မခိုင်သေး ဝမ်းလျားမှောက်နေရင်း လက်တွေခြေထောက်တွေ
|
၂လမှ ၄လအထိ | ပြုံးပြတတ်
မြူတာကိုကြိုက် ပြုံးတာမဲ့ပြတာကို လိုက်လုပ်တတ် |
ဘူဘူစပြော
သူကြားတဲ့အသံလေးတွေကို ဆာရင် နာရင် ပင်ပန်းရင် ငို |
အရုပ်တွေကိုလှမ်းကိုင်
မျက်နှာတွေကိုလိုက်မှတ် အနားမှာအမြဲရှိတဲ့သူတွေကို |
ခေါင်းခိုင်လာပြီ
လှိမ့်တတ်လာပြီ အရုပ်ကိုလက်တစ်ဖက်နှင့် ခြေစမ်းထောက်ကြည့်တတ် |
၄-၆လ | သူစိမ်းကိုခွဲခြားတတ်
မှန်ကြည့်တတ်လာ |
အသံပေးပြီးပြန်ထူးတတ်
သူ့နာမည်သူသိလာပြီ မမ၊ ဘဘ၊ ၂လုံးတွဲလေးတွေ |
သူ့အနားက ပစ္စည်းလေးတွေကိုလိုက်ကြည့်တတ်
စပ်စုလာ ပစ္စည်းကို လက်ထဲအပြောင်းအလဲ |
ငုတ်တုတ်စထိုင်ပြီ
ထခိုင်းရင် ခြေ ထောက်ပြီး ကန်တတ် မှောက်လျက်တွားသွားတတ်ပြီ |
၆-၉လ | သူစိမ်းကိုကြောက်တတ်
ထိန်းတဲ့သူတွေကို ဂျီကျတတ် ကြိုက်တဲ့အရုပ်ဆိုအနားမှာယူထားတတ် |
ရက်စ်၊ နိုး ဆိုတာကို နားလည်လာတတ်
အသံအမျိုးမျိုးလုပ်တတ်လာတယ် လုပ်ပြတဲ့ အသံ နဲ့ အမူအရာကို လိုက်လုပ်ပြတတ်လာ လက်ချောင်းတွေနဲ့ညွှန်ပြတတ် |
တူတူရေဝါး ဆော့တတ်လာ
လက်မနဲ့လက်ညှိုးသုံးပြီး ပစ္စည်းတွေကိုယူတတ်လာ
|
မတ်တပ်စစမ်းပြီ
ငုတ်တုပ်အေးဆေးထိုင်နိုင်ပြီ တွားသွားတတ် မတ်တပ်ထထကြည့် |
၁နှစ် | သူစိမ်းတွေကိုရှက်/ကြောက်တတ်
အမြဲထိန်းတဲ့သူဘေးကထွက်သွားရင် သူတို့အကြိုက်ပစ္စည်းလေးတွေ လူတွေရှိတတ် |
ရိုးရှင်းတဲ့မေးခွန်းလေးတွေကို သိပြီးပြန်လုပ်ပြတတ်
ခေါင်းညိမ့်ခေါင်းခါ လုပ် တာ့တာ ပြတတ် စကားလိုက်ပြောဖို့ကြိုးစားတတ် |
ဖွက်ထားတဲ့အရာတွေကိုရှာတတ်
လက်ညှိုးနဲ့ညွှန်ပြတတ်
|
ထိုင်ရာက ထတတ်လာ
တစ်ခုခုကိုင်ပြီး လမ်းလျှောက်တတ် မကိုင်ဘဲ ၃-၄လှမ်းလှမ်းတတ် အကူမပါဘဲ မတ်တပ်ရပ်တတ်လာ |
၁နှစ်ခွဲ (၁၈လ ) | လူတွေကို ဂရုပြုလာတတ် | စကားစုလေးတွေ ပြောလာတတ်
လိုချင်တာလေးတွေပြောတတ် |
နေ့စဉ်မြင်နေကျအရာလေးတွေကိုသိ
ရိုးရှင်းတဲ့လုပ်ခိုင်းတာလေးတွေ |
တစ်ယောက်တည်း လမ်းလျှောက်တတ်စပြေးတတ်လာအရုပ်တွေကိုဆွဲပြီးပြေးတတ်ခွက်နှင့်ရေသောက်တတ်ဇွန်းနဲ့ အစာစားတတ် |
၂နှစ် | တခြားကလေးတွေ့ရင် ပျော်တတ်
မလုပ်နဲ့ဆိုတဲ့အရာလေးတွေလုပ်တတ် |
မိသားစုနာမည်ကိုသိ
ကိုယ်ခန္ဓာအစိတ်အပိုင်းကိုသိ စကားစုလေးတွေပြောတတ်လာ။ လုပ်ခိုင်းတာလေးတွေ လုပ်တတ်။ |
အတုံး ၄တုံးဆင့်ပြီး တာဝါဆောက်တတ်
ဖိနပ်ကောက်ပြီးစင်ပေါ်တင် လို အဆင့်၂ဆင့်ပါတဲ့ ခိုင်းတာမျိုးလုပ်ပေးတတ်လာ မျဉ်းဖြောင့် နဲ့ စက်ဝိုင်းဆွဲတတ်လာ |
ခြေဖျားထောက်တတ်
ဘောလုံးစကန်လာ ပြေးတတ် အမြင့်တက်တတ် လှေကားကိုခြေ စုံတက် စုံဆင်းလာ
|
၃နှစ် | သူငယ်ချင်းထားတတ်၊ မိတ်ဖွဲ့တတ်
လူကြီးတွေလုပ်တဲ့အရာလိုက်လုပ် တတ် |
သူငယ်ချင်းအမည်ပြောတတ်
နာမ်စားတွေသုံးတတ် စာကြောင်းရှည်ရှည်ပြောတတ်လာ |
Puzzle gameတွေဆော့ရတာကြိုက်လာ
အတုံး၆တုံးအထက်ဆင့်ပြီး တာဝါဆောက်တတ်လာ စာအုပ်လှန်တတ်လာ |
လှေကားကို တစ်ဖက်စီ အဆင်း အတက် လုပ်တတ်ပြီ၃ဘီးကလေး စက်ဘီး စစီးတတ်ကောင်းကောင်းပြေးတတ် |
၅နှစ် | သူငယ်ချင်းတွေနဲ့နေရတာကြိုက်လာ
သီချင်းဆို၊ ကရတာကြိုက်လာ ယောကျ်ားလေးမိန်းကလေးခွဲတတ်လာ |
စကားကိုသေသေချာချာပြောတတ်လာ
အမည် နေရပ်လိပ်စာကိုမှန်မှန်ပြောတတ်လာ လုပ်မယ့်အရာလေးတွေပါကြိုပြောတတ်လာ |
၁-၁၀ ရေတွက်တတ်
လူပုံ ၊ ခန္ဓာကိုယ်အစိတ်အပိုင်းပုံဆွဲတတ် စက်ဝိုင်း၊ တြိဂံ၊ စတုရန်းပုံတွေဆွဲတတ် နေ့စဉ်သုံးတဲ့အရာလေးတွေသိလာ |
ခြေတစ်ဖက်တည်းရပ်တတ်
ခက်ရင်းဇွန်းကောင်းကောင်းသုံးတတ် အိမ်သာကိုယ့်ဘာသာသွားတတ် ဒါန်းစီးတာကြိုက်တတ် |
မိမိကလေးလေးတွေရဲ့ ပြောင်းလဲမှုကိုအသေးစိတ်ကြည့်ပြီး checklist ပုံစံမျိုးစစ်နိုင်တဲ့ application တွေ website တွေလည်း အခုခေတ်မှာအများကြီးပေါ်လာတဲ့အတွက် စိတ်ချရတဲ့ website ကနေကြည့်ပြီး တောက်လျှောက်မှတ်ထားလို့ရပါတယ်။