fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ဂျိုက်သိုးရောဂါအကြောင်း သိကောင်းစရာ

919
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/02/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဂျိုက်သိုးရောဂါအကြောင်း သိကောင်းစရာ

ဂျိုက်သိုးရောဂါကို ဆေးပညာအရ ရူဘဲလား (Rubella)လို့ ခေါ်ပါတယ်။ ဒီရောဂါကို စတင်ပြီး လေ့လာတွေ့ရှိခဲ့သူက ဂျာမန်လူမျိုးသမားတော် တယောက်ဖြစ်လို့ ဂျိုက်သိုးရောဂါ ကို ဂျာမန်ဝက်သက်ရောဂါလို့လည်း ခေါ်ကြပါသေးတယ်။

ဂျိုက်သိုးရောဂါဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားနိုင်ပါတယ်။ အသက် ၁နှစ်ကျော်ကနေ အသက်၄၀အတွင်းအရွယ်မှာ အဖြစ်များပါတယ်။

ဒီရောဂါဟာ ရူဘဲလားဗိုင်းရပ်စ် (Rubella Virus) ဆိုတဲ့ ဂျိုက်သိုးရောဂါပိုးကြောင့် ဖြစ်ပြီး လေထဲကတဆင့် (ဥပမာ ဂျိုက်သိုးရောဂါဖြစ်နေသူ သို့မဟုတ် ဂျိုက်သိုးရောဂါပိုးရှိသူ က နှာချေ၊ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့အမှုန်အမွှားတွေကို ရှုမိရာကတဆင့်) လူတဦးနဲ့ တဦး ကူးစက်ပါတယ်။

ရောဂါပိုး ဝင်ရောက်ပြီး ၁၈ ရက်ကနေ ၂၁ ရက်အကြာမှာ ရောဂါလက္ခဏာ စပြလေ့ ရှိပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာ တွေကတော့ သာမန်အအေးမိ ဖျားနာသကဲ့သို့ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ မျက်စိနာတာ၊ လည်ချောင်းနာတာ၊ အဆစ်မြစ်တွေကိုက်တာ၊ ပြန်ရည်အကျိတ်တွေ ရောင်တာ(Lymph node enlargement)၊ မျက်နှာကစပြီး အနီစက်တွေထွက်လာကာ ထိုမှတဆင့် တကိုယ်လုံး ပျံ့သွားတာ စသဖြင့်ပါ။

အနီစက်တွေက အမျာအားဖြင့် ပေါ်ပြီး သုံးရက်လောက်အကြာမှာ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒီအချက်ကြောင့် ဂျိုက်သိုးရောဂါကို သုံးရက် ဝက်သက်ရောဂါ(three day measle) လို့လည်း ဆရာဝန်တွေက ခေါ်ကြပါတယ်။

ရောဂါလက္ခဏာတွေက သိပ်မပြင်းထန်တာကြောင့် ရယ်၊ သူ့အလိုလို ရောဂါပျောက်သွားတာကြောင့်ရယ် ရောဂါဖြစ်ပွားတဲ့သူ တဝက်လောက်က သူတို့မှာဒီရောဂါဖြစ်နေကြောင်း မသိကြပါဘူး။

ဒီလို မသိတာဟာ ဘယ်အချိန်မှာ ဒုက္ခများသလဲဆိုရင် ဂျိုက်သိုးရောဂါကာကွယ်ဆေး (Rubella Vaccine) တခါမှ မထိုးဖူးတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဂျိုက်သိုးရောဂါပိုး ကူးစက်ခံရရင် ဒုက္ခများပါတယ်။

ကိုယ်ဝန်ကာလ အစောပိုင်းမှာ ဂျိုက်သိုးရောဂါပိုး ဝင်ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျတာ၊ကလေးအသေမွေးတာတွေ ဖြစ်နိုင်သလို ကံကောင်းလို့ ကလေးက အသက်ရှင်လျက် မွေးလာရင်လည်း မွေးလာတဲ့ကလေးမှာ မွေးရာပါ ဂျိုက်သိုးရောဂါ လက္ခဏာစု(Congenital Rubella Syndrome) ဆိုတဲ့ဟာကြီး ပါလာတတ်ပါတယ်။

အဲ့ဒီမွေးရာပါ ဂျိုက်သိုးရောဂါ လက္ခဏာစု ပါလာတဲ့ကလေးဟာ မွေးရာပါဆွံ့အ နားမကြားတာ၊ မျက်စိမမြင်တာ၊ မျက်စိတိမ်ပါလာတာ၊ ဦးခေါင်းသေးတာ၊ ဉာဏ်မမှီတာ၊ ကြီးထွားဖွံ့ဖြိုးမှု နည်းတာ၊ နှလုံးမှာ ချို့ယွင်းချက်တွေ ပါလာတာ စသဖြင့် ခံစားရနိုင်ကာ ဘဝတလျှောက်လုံး လူဖြစ်ရှုံးသွားနိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ မိဘတွေအနေနဲ့ ကလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ညွန်ကြားထားတဲ့အတိုင်း ကာကွယ်ဆေးတွေ အပြည့်အဝထိုးပေးပါ။

ဒါ့အပြင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်မှာ ဂျိုက်သိုးရောဂါပိုးရှိမရှိစစ်ကာ လိုအပ်ရင်ကာကွယ်ဆေးထိုးထားပါ။ သက်ရှိဗိုင်းရပ်ကို သုံးထားတဲ့ ကာကွယ်ဆေးအမျိုးအစားဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ရှိတဲ့အချိန်မှာ ဂျိုက်သိုးကာကွယ်ဆေး ထိုးချင်လို့မရပါဘူး။

Author: Dr. 528

Previous Post

အတ်ထရာဆောင်း(Ultrasound) ရိုက်တယ်ဆိုတာ ဘာလဲ

Next Post

ဖျားရင်ဘာစားမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖျားရင်ဘာစားမလဲ

ကလေးများရဲ့ ချိုလိမ်

ရာသီသွေးအရောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.