fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

Caution Urinary tract infection
1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/02/2024
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်က ဘယ်နေရာမှာမဆို ဘက်တီးရီးယား ရောဂါပိုးဝင်တာကို ခေါ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ…

• ဆီးကျန်သလို ခံစားရပြီး မကြာခဏ ဆီးသွားချင်ခြင်း
• ဆီးအနည်ပါပြီး အနံ့နံခြင်း၊ ဆီးအရောင် နောက်နေခြင်း
• ဆီးသွားချိန် နာကျင်ခြင်း၊ အောင့်ခြင်း
• ဆီးထဲသွေးပါခြင်း
• ခါးနာခြင်း
• ဗိုက်အောင့်ခြင်း
• ဖျားခြင်း
• ချမ်းတုန်ခြင်း
• အန်ခြင်း
• ဝမ်းသွားခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အပူချိန်ကြီးပြီး ချမ်းတုန်ဖျားတာ၊ ဆီးထဲ သွေးပါတာ၊ ဗိုက်နဲ့ ခါးက မခံမရပ်နိုင်အောင် အောင့်နေတာမျိုး ခံစားရရင် ဆေးရုံဆေးခန်းကို ချက်ချင်းသွားသင့်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ရခြင်း အကြောင်းရင်းများ…

• အမျိုးသမီးတွေ အထူးသဖြင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေက ဆီးလမ်းကြောင်း ပိုးဝင်လွယ်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက အမျိုးသားတွေထက် ပိုတိုလို့ ပိုးဝင်လွယ်သလို သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း လျော့နည်းသွားလို့ ဆီးအိမ်နံရံတွေက ပါးလွှာခြောက်သွေ့လာပြီး ဆီးထိန်းနိုင်စွမ်း လျော့နည်းလာကာ ပိုးဝင်ဖို့လည်း လွယ်လာပါတယ်။

• လိင်ဆက်ဆံရာကတဆင့်လည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။
• ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးကျန်တတ်လို့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ များပါတယ်။
• ကျောက်ကပ် ကျောက်တည်သူတွေမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်၊ ဆီးချိုရောဂါရှိသူ၊ ဆီးပိုက်ထည့်ထားရတဲ့ နာတာရှည် ရောဂါသည်တွေ၊ ရေများများ သောက်လေ့မရှိသူ၊ လိင်အင်္ဂါတွေတဝိုက်ကို သန့်ရှင်းရေး သေချာ လုပ်လေ့မရှိသူတွေမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။

ဘယ်လို ကုသမလဲ?

ဆရာဝန် ညွှန်ကြားတဲ့ ပိုးသတ်ဆေးကို ရက်အနည်းငယ်ခန့် သောက်ဖို့ လိုအပ်နိုင်ပါတယ်။။ ဆီးသွားရင်နာကျင်တာနဲ့ ခါးနာတာအတွက် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။
နာတာရှည် ဆီးလမ်းကြောင်း ပိုးဝင်ရင်တော့ ပိုးသတ်ဆေးကို ၆ လခန့်အထိ သောက်ရနိုင်ပါတယ်။

ဆေးသောက်တာက ယာယီသက်သာနိုင်ပေမယ့် အရေးကြီးတာက နောက်ထပ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မဖြစ်အောင် ကာကွယ်ဖို့ပါ။

ဘယ်လို ကာကွယ်မလဲ?

• ရေများများသောက်ပါ (တနေ့ကို အနည်းဆုံး ၂ လီတာ သောက်ပါ။ ရေများများ သောက်ပြီး မကြာခဏ ဆီးသွားတာက ဘက်တီးရီးယားတွေ ဆီးအိမ်ထဲမှာ ကြာရှည်မနေနိုင်အောင် လုပ်ဆောင်ပေးပါတယ်)။

• ဆီးကို အောင့်ထားတာမျိုး မလုပ်ပါနဲ့။

• လိင်မဆက်ဆံခင် သန့်ရှင်းရေးလုပ်ပါ။ လိင်ဆက်ဆံပြီးတိုင်း ချက်ချင်း ဆီးသွားပါ။

• ဝမ်းသွားပြီး၊ ဆီးသွားပြီးလို့ သန့်ရှင်းရေး လုပ်ရင် အရှေ့ဘက်မှ အနောက်သို့ ဦးတည်ရာအတိုင်း လုပ်ပါ။ အနောက်မှ အရှေ့သို့ ဦးတည်ရင် စအိုတဝိုက်မှ အညစ်အကြေးနဲ့ ပိုးမွှားတွေက ဆီးလမ်းကြောင်းဆီ ရောက်ရှိလာနိုင်ပါတယ်။

• ဒိုင်ပါနဲ့ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ သုံးတဲ့အခါ မကြာခဏ လဲလှယ်ပေးပါ။

• ချည်သားနဲ့လုပ်တဲ့ အတွင်းခံတွေသာ ဝတ်ဆင်ပါ။ ဘောင်းဘီကျပ်ကျပ် ဝတ်ဆင်တာမျိုး ရှောင်ပါ။

• စအိုနဲ့ ဆီးလမ်းကြောင်းအပေါက်ဝနဲ့ မျိုးပွားအင်္ဂါတဝိုက်ကို အနံ့ပါတဲ့ အပြင်းစား ဆပ်ပြာနဲ့ သန့်စင်ရည်တွေ အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။

ဆီးလမ်းကြောင်းပိုးဝင်တာကို အချိန်မီ မကုသရင် ကျောက်ကပ်ရောင်ရမ်း ပိုးဝင်တာ၊ သွေးထဲကို ပိုးဆိပ်ပျံ့တာတွေ ဖြစ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ များသူတွေဟာ ပိုးမဝင်အောင် ဂရုတစိုက် ကာကွယ်ခြင်းဖြင့် မိမိကျန်းမာရေးကို စောင့်ရှောက်သင့်ပါတယ်။

Author: Dr.Yee Mon

Previous Post

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

Next Post

သွေးပျစ်ရာမှ သွေးခဲခြင်းအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
599

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
555
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k
Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

2 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What you need to know about blood clotting

သွေးပျစ်ရာမှ သွေးခဲခြင်းအကြောင်း သိကောင်းစရာ

About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.